Pages

Saturday, 15 October 2016

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်






ပင်စိမ်းပင်သည် မြန်မာနိုင်ငံ နှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်း ဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။

ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင် ဖြစ်သည်။ စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှ တဆင့် အပင်စိုက်ရန် လွယ်ကူသော အပင် ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ပင်စိမ်းပင်သည် အပင်ငယ်မျိုး ဖြစ်ပြီး အမြင့်နှစ်ပေမှ သုံးပေခန့် အထိ ရှိ၏။ အရွက်မှာ သေးပြီး စိမ်းလျက် နူးညံ့၏။ ရွက်နားမှာ လွှသွားပုံရှိသည်။ အပွင့်ဖြူ ကလေးများ ပွင့်တတ်ကာ ရနံ့မှာ အလွန်မွှေးသဖြင့် အချို့သူများမှာ ယင်းချက်ရာတွင် အမွှေးနံ့ရစေရန် ဟင်းခတ်၍ အုပ်ကာ ချက်စားကြသည်။ အပွင့်များသည် အခိုင်လိုက်ပွင့်၍ ပွင်ချပ်များပေါ်တွင် အမွေးနုကလေးများ ရှိသည်။ တပေါင်း တန်ခူးလများ၌ ပွင့်တတ်ကြသည်။ အရသာမှာ ပူစပ်သော အရသာဖြစ်ကာ ပင်စိမ်းမျိုးအနေဖြင့် ပင်စိမ်းဖြူ၊ ဟင်းစားပင်စိမ်း၊ ပင်စိမ်းနက်၊ ပင်စိမ်းညို၊ ပင်စိမ်းကြီး၊ ဗလရှင်ကင်ဟူ၍ ပင်စိမ်း အမျိုးမျိုး ရှိကြသည်။

မြန်မာဆေးကျမ်း အလိုအရ ပင်စိမ်းသည် ပူ၏၊ စပ်၏၊ အနည်းငယ်ခါး၏၊ လေသလိပ်ကို နိုင်၏၊ ဆီးကိုနိုင်၏၊ လေကိုသက်စေပြီး သွေးကို တက်စေနိုင်သည်၊ ရင်ကျပ်နာ၊ အစာမကြေ၊ ချွဲကျပ်နာတို့ကို နိုင်၏၊ ချောင်းဆိုးနာ၊ ပိုးနာ၊ ထိုးကျင်သောအနာကို ပယ်နိုင်၏။

အစာကြောခြင်း၊ ခံတွင်းကောင်းခြင်း၊ အနံပကောင်းခြင်း၊ အသံသာခြင်း၊ အသက်ရှည်ခြင်းကို ရရှိစေသည်။ လူကို အကျိုးပွား စေသည်။

ပင်စိမ်းရွက် ပင်စိမ်းအစေ့များကို မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁)နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့် ပေးပါ။

(၂)သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများ လုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄)ခေါင်းတခြမ်းကိုက်= ပင်စိမ်းရွက် သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ= နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့ တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေး လာပြီးသည့်နောက် သုံးရက် ဆက်တိုက် သောက်ပေးပါ။

(၇) အဖျားနာတာရှည်= နံနက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျား ကျသွားပါမည်။

(၈) ငှက်ဖျား= ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀)အစာမကြေ၊ ဝမ်းကိုက်= ပင်စိမ်းရွက် ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည် သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်= ပင်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ= ပင်စိမ်းရွက် ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများ အပေါ် ဖန်ရည် ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက် မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြား အနာများ= (အရေပြား ရောဂါ ဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေး အကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄)ဗိုက်ကြောပြတ်= (ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်း ရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို= ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့် အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈)နှာခေါင်းနှာပိတ်၊ နှာခေါင်း အတွင်းမြှေးရောင်= ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း= ပင်စိမ်းအမြစ်ကို ရေသုံးခွက် တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျား ကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး= ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်း စေပါသည်။

(၂၂) သားသမီး ဝေးလိုသော= အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စဉ် စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယ ဆေးသုတေသနမှ ထုတ်နုတ် ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်= ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။

(၂၄)အစာအိမ် အချဉ်ပေါက် လေနာ= ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်း သောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်း စေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး= ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင် ကျိုပြီး ပူပူလေး သောက်ပေးပါ။ တုပ်ကွေး ရောဂါများကိုပင် ပျောက်ကင်း စေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ= မျောက်သားကို ကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်း ပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈)မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက= ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ် ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နာ ကျောပူ ခေါင်းပူ= ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ် ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။ (သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ= ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်= ပင်စိမ်းရွက် ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅)သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေ ညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။ နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်= ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ် ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမက သွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်း စေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ= ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့= ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့် =ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့် ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန် တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်း စေ၏။

ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့်

ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။

ကသစ်ဦး(ကျိုင်းတုံ)

ဖိတ်စာ လိပ်စာ ဒီဇိုင်းကဒ် V နိုင်း ပိုစတာအတွက် Adobe Illustrator CS5

Posted by yelinn 13:10, under | No comments






Download မူရင်းလင့် -https://docs.google.com/file/d/0B

အလုပ်ရှာနေသူတွေနဲ့  စာရင်းကိုင်လုပ်မယ့် သူတွေအတွက် စာအုပ်ကောင်း



ဒီနေ့ခေတ်မှာ Accounting ဟာ ခေတ်စားလာတာနဲ့အမျှ တကယ်လည်း လိုအပ်လာတဲ့ ပညာရပ်တစ်ခုပါ.. ဒါကြောင့် ဘ၀အာမခံချက်ရှိဖို့ LCCI ကို Label အမြင့်ဆုံးထိ တက်ရောက်ပြီး ကုမ္ပဏီတွေမှာ အလုပ်ဝင်ရောက်ကြပါတယ်.. လစာဝင်ငွေလည်း ကောင်းကောင်းရတယ်ဆိုပါတော့.. ဒီတော့ Accounting ဟာ စီးပွားရေးလုပ်ငန်းမှာ အရေးပါတဲ့ပညာရပ်အဖြစ် ရပ်တည်နေတဲ့အတွက် Accounting ဘာသာရပ်တွေထဲက Peachtree Accounting အကြောင်း အပြည့်အစုံ ရေးသားထားတဲ့ စာအုပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ်.. ရေးသားသူက ဝေဖြိုးအောင် (NATOGYI) ဖြစ်ပါတယ်..


Download- Peachthree Accounting (စာရင်းကိုင် စာအုပ်မြန်မာပြန်)


List of Accounting Software

Low-End Accounting Software
  • Vision Point 2000
  • QuickBooks Pro 2002
  • Peachtree Complete Accounting
  • M.Y.O.B. Plus for Windows
  • Business Works
  • Business Vision 32
  • Small Business Manager
  • Oracle Small Business Suit
  • Quick Books for the Web
  • Simply Accounting
  • ePeachtree
  • MAS 90 and MAS 200
  • ACCPAC Pro Series
Mid-End Accounting Software
  • ACCPAC Advantage Series Corporate Edition
  • Accoutmate
  • SYSPRO
  • Navision
  • Solomon
  • SouthWare Excellent Series
  • Traverse
  • Great Plains
High-End Accounting Software
  • Axapta
  • Epicor
  • e-Business Suite
  • MAS 500
  • Lawson Enterprise
  • One World
  • Oracle Financials
  • People Soft
  • SAP R/3

Photoshop ၀ါသနာရှင်အတွက် အလွယ်ဆုံး ပုံပြင်နည်း နဲ့ Stoik Df 4(full)



ဒီဆော့ဝဲလေးက Photoshop ၀ါသနာရှင်တွေအတွက်  အသုံးဝင်တဲ့ ဆော့ဝဲတစ်ခုပါ

အသေးစိတ်အသုံးပြုနည်းတွေကိုတော့ လေ့လာကြည့်ပါ ။ပုံအသေကို ပုံအရှင်ဖြစ်လာ

အောင် လုပ်ရင် လွယ်တယ် ။  ဥပမာ- သာမာန်ကြည့်နေတဲ့ ပုံတစ်ပုံကို  မျက်စေ့မှိတ်

လိုက် ဖွင့်လိုက် လုပ်လို့ လည်းရတယ် ပြန်ပြင်မယ်ဆိုလည်း ဓာတ်ပုံပြင်ဖို့ Tools တွေ

အများကြီးပါတယ် ။ သဘောအကျဆုံးကတော့ ပြင်ပြီးသားပုံကို ပုံအရှင် Animation

အဖြစ် Save လို့ ရတာပါ ပုံမှန် ဓာတ်ပုံ JPEG နဲ့  Save လို့ ရသလို Viedeo Format

နဲ့  Save ချင်လည်းရပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲကောင်းလေးမလို့  ဓာတ်ပုံဝါသနာ

ပါတဲ့ သူငယ်ချင်းအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲတစ်ခုဖြစ်ပါကြောင်း.............။

Features:

  • Still and animated transformations
  • Huge library of global effects
  • New real-time instruments
  • Advanced project composition
  • Reusable animation projects
  • Interframe transition control
  • Smoother effects
  • Automatic real-time compression

System Requirements:

  • Windows® 7, Vista or XP
  • 50 MB free hard drive space required for program installation
  • 512 MB RAM or above for Windows® XP, 1GB RAM or above ...

ဒီလင့်မှာ Download ယ ပုံအရှင်လုပ်တာနဲ့  လူကို အသေးစိတ်ပြင်ဖို့  စတုတ်

မူရင်းလင့် - ဒေါင်းလုပ်ယူရန် နောက်တစ်ဆိုဒ်

မူရင်းလင့် - http://www.stoik.com/products/

WonderFox HD Video Converter Factory Pro 8.5 With Serial Key Full Version Size(23.7MB)

Posted by yelinn 13:06, under | 1 comment


Blog ၀က်ဆိုဒ်တွေမှာ Link တစ်ခုခုကိုနှိပ်ရင် စာမျက်နှာအသစ်တစ်ခုပွင်ဖို့ 




ဘလော့ဂါတွေအနေနဲ့ ပြင်မယ်ဆိုရင် အောက်ကလင့်မှာနှိပ်ဝင်လိုက်ပါ

http://www.blogger.com/blogger.g?btemplatehtml

နားလည်းပီးသားဆို Setting = Template - Edit Template ကနေသွားပါ

အထဲရောက်ရင် Ctrl နဲ့  F ကိုတွဲနှိပ်ပြီး  <head> ကိုထည့်ပီး Enter နှိပ်

တွေပြီဆိုရင် အရောင်တစ်ခုခုနဲ့   ကိုယ်ရှာတဲ့ဟာကို ပြပါလိမ့်မယ်


<head> အောက်မှာ အခုပေးတဲ့စာလေးကို ကော်ပီယူထည့်လိုက်


<base target='_blank'/>

 
အဲ့လိုထည့်လိုက်ပီးရင် Save Template နှိပ်လိုက်ရပါပြီ


ဒါဆိုရင် လင့်တွေကိုနှိပ်တဲ့အခါ မူလလင့်မပျက်ပဲစာမျက်နှာအသစ်ပွင်ပီ

အသုံးလိုနေသူ မေးလာလို့ မသိသေးသူများ လုပ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်

Google Chrome သုံးသူများအတွက် ၀က်ဆိုဒ်တွေ မြန်မာလိုမြင်အောင်လုပ်နည်း



မြန်မာစာ မပေါ်ဘဲ အတုံးတွေ ပေါ်နေရင် ဒီနည်းလမ်းအတိုင်းလုပ်ကြည့်ပါ

လွယ်လွယ်လေး Google Chrome သုံးသူများ အသေးစိတ်ကိုဖတ်ပီးလုပ်ပါ


Setting => Show Advance Settting ကိုသွားပါ
Web Contant အောက်က Font Size ကနေ Customize Fonts ကိုနှိပ်
အထဲက Time New Roman တို့ ဘာတို့ မှာ Zawgyi One ထားလိုက်

Encoding  မှာ UTF - 8 လို ထားပေးလိုက်ပါ

Flash Song သီချင်း လုပ်နည်း အသေးစိတ် စာအုပ် ( လုပ်တတ်ချင်သူဖတ်ကြည့်ပါ)




ဒီလင့်မှာ Download ယူပါ - Flash Song ပြုလုပ်နည်းစာအုပ် (mediafire)

မန္တလေး


မန္တလေး
--------
ဘောက်ချာဟောင်းတွေခဏလှန်တော့
ကရင်တွေကလဲငါတို့ကိုသိမ်းတယ်။
အာဇာနည်(၁၇)ဦး
သွေးမြေကျခဲ့တဲ့(၂၆)ဘီလမ်းဟာ
ခု
ကွမ်းတွေနဲ့ရဲလို့
တစ်ခုခုကိုကြောက်လန့်နေတဲ့ပုံပဲ။
အရင်က
ဝင်းထရံကိုထုံးသုတ်
သစ်ပင်ကိုထုံးသုတ်
အဓိပ္ပါယ်ကိုမသိပေမဲ့
ခု
ထုံးသုတ်စရာမလိုပဲ
တစ်မြို့လုံးဖြူဖွေးနေပြီ။
ကြယ်ခေါင်ရဲ့ညီ
ကြယ်တွေနဲ့မှောင်နေတဲ့မြို့။
ကိုယ့်အရပ်က
မြို့လယ်က
နာရီစင်လောက်မမြင့်တာတောင်
ကိုယ်ရနေတဲ့သံဝေဂက
ကိုယ့်အသက်နဲ့မမျှပါဘူး
ဒါဆိုနာရီစင်ကြီးရင်ထဲရော....။
အသံတိတ်လက်ဖြှောင့်သေနတ်သမား
တွေရဲ့လက်ချက်အောက်မှာ
မြို့ဟာအော်ချိန်မရဘဲ
ကျဆုံးခဲ့ပါပြီ
သူ့နေရာသူလည်းသိတယ်ထင်ရဲ့
အင်းခရု
သင်ပန်းကုန်း
မြရည်နန္ဒာတို့ထက်ပိုဝေးတဲ့နေရာမှာ
နေတော့မယ်ဆိုပဲ။
လမ်းပေါ်မှာ
စက်ဘီးလေးတွေက
ဘာကိုမှကျော်မတက်နိုင်ပါဘူး
သွက်သွက်လေးနင်းခဲ့တယ်လေ
မြို့ထဲကတိုက်တွေအားလုံးမှာကပ်ထားတဲ့
ကိုယ်နားမလည်တဲ့စကားနဲ့ရေးထားတဲ့
အနီရောင်ပြောင်ပြောင်ကြီးတွေမြင်ရင်
ဒါဆို
အော်
သူတို့တွေနှစ်ကူးတော့မယ်ဆိုတာသိတယ်
ခု
ချိန်းခဏခဏကျနေတဲ့စက်ဘီးလေးနဲ့
လမ်းတစ်ဖက်ကိုကူးပြီး
ကျွန်တော်လား
အင်းခရုဟိုဘက်ထိပြန်ရမှာပါခင်ဗျာ။
ဘာမှမကျန်တော့တဲ့ကျူံးအောက်မှာ
ရွှေလင်ဗန်းတွေရှိတယ်လို့
ကလေးတစ်ယောက်ကိုပြောပြခဲ့ဖူးတယ်။
ဆက်ရေးစရာ
ဆက်တွေးစရာတွေ
အများကြီးနဲ့မြို့။
အခုလား
ကုသိုလ်တော်ထဲကနေ
မြင်နေရတဲ့မန္တလေးတောင်ပေါ်က
စေတီလေးကိုဖူးမြှော်ရင်း
ကြွေကျလာတဲ့ခရေပန်းတွေနဲ့
ရင်ပြင်တော်ပေါ်မှာ
မန္တလေးလို့ရေးခဲ့ပါတယ်။ ။
အကိုရေ ခရုသင်းစွဲတာ မဟုတ်တော့ဘူး
မြို့ပေါ်
ထုံးကားကြီးမှောက်သွားတာ
------------------------------------------
ငေါထွက်နေတဲ့ အရိုးကိုလည်း ဂရုစိုက်
ငေါ ငေါ ငေါ ဆိုတာ ကိုလည်း နားစွင့်
မြို့လယ်က နားမလည် ခြင်း ဆိုင်းဘုတ်များ
မြို့ပြင်က အားငယ်နေတဲ့ မျက်ဝန်းများ
တိုက်စစ်ဦးစားပေးနဲ့ လာတာ
ဘေးအိမ်မှာ ဗမာမရှိစေရဘူး
ကျန်တဲ့ အသားစလေး ခမျာ
တူကြားထဲ ညှပ်ပါသွားပြီ
ဒီမှာပဲနေပါ
ဒီရေပဲသောက်ပါ
အငွေ့တထောင်းထောင်းနဲ့ ပေါက်စီလည်း
ရပါတယ်
အသီးအရွက် လတ်လတ်ဆတ်ဆတ်နဲ့
မာလာဟင်း လည်း ရပါတယ်
ဟောင်းအိုနေတဲ့
အထက်တန်းကျောင်းကြီးက
မြင့်မားတောက်ပတဲ့ သူတို့စာသင်ကျောင်းကြီးကို ငေးလို့
မန္တလေးဆိုတာ
ကျိန်ပြောမှ ယုံတော့မယ် ၊၊. ၊၊
မန္တလေးဆိုတာ သူ့သွေးနဲ့ ထွဏ်းထားတဲ့ အိမ်
----------------------------------------------
ဆွံအသွားတဲ့ မြို့ရိုးကြီးဟာ
သမိုင်းကို
ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်တော့ဘူး
ရေသေလို
လူတွေသေကြ
မီးသတ်မျှော်စင် ခေါင်မိုးမှာ
လာငြိနေတဲ့ လေတံခွန်လေးရဲ့ နောက်ဆုံးမှာတမ်းမှာ
မြို့ကြီး နာမကျန်းဖြစ်နေတဲ့အကြောင်းပဲ ပြောတယ်
စက်ဘီးလမ်းလေး ပျောက်သွားပြီ
စစ်သားစုဆောင်းရေး ဆိုင်းဘုတ် ကွယ်သွားပြီ
အမှတ်တရ ပြန်ကြည့်ဖို့ လိုလိုမယ်မယ်
ကိုယ့် ညာဖက်လက်ဖျံပေါ်
မြို့ရိုးနဲ့နာရီစင်ကို ဆွဲတင်ထားလိုက်တယ်
အရင် မြို့သစ် က အခု မြို့လယ်
အရင်မြို့လယ် က အခု ရှန်ဟိုင်း
ပလက်ဖေါင်းပေါ်
ဆိုင်ကယ်တက်မောင်းနေရတဲ့ ကာလထဲ
မျက်လုံးထဲ ထိုးဝင်လာတဲ့ ကားမီးရောင်ကိုရှောင်ရ
ငါချစ်တယ်
ငါသိပ်ချစ်တဲ့မြို့
ငါနေတဲ့ လမ်းကြားထဲကနေ မြို့ကိုပြန်ချောင်းခဲ့ရ
ဟိုဖက်ရပ်ကွက်က အိမ်တွေရော
ဒီဖက်ရပ်ကွက်က အိမ်တွေရော
ခံစစ်နဲ့မြို့ပြင်ကို ဆုတ်ခွာကြပေါ့
ဧရာဝတီကလည်း မငြိမ်
ပန်တျာကျောင်းကြီးလည်း ခပ်လှုပ်လှုပ်
မြို့ အချိုဓါတ်ကို သိသွားတဲ့ ပုရွက်ဆိတ်အဖြူတွေ
ခါချလို့ မနိုင်တော့ဘူး

ထွဏ်းသွေးအိမ်

 Credit. ထွဏ်းသွေး အိမ်

Lock ကျနေသော Facebook အကောင့်အား Lock ပြန်ဖြည်နည်း




လုပ်ပုံ လုပ်နည်းကတော့ ပုံတွေကြည့်လိုက် တစ်ဆင့်ချင်းလုပ်ကြည့်ပါ

Lock ကျရင် ပြန်ယူနည်းက 3မျိုးလောက် ရှိတယ် တစ်နည်းမရတစ်ခုစီ

စမ်းလုပ်မယ်ဆို ပြန်ရနိုင်ပါတယ် တိုက်ဆိုင်သူ သုံးနိုင်ဖို့  မျှဝေလိုက်၏




Apple (iPhone ios ) ID Account Free ဖွင့်နည်းလေးပါ( မြန်မာလိုင်းလည်းရပါတယ်)



အဆင့် (

Huawei Y320C မှာ 1x လိုင်းမတက်တဲ့ပြဿနာကိုလွယ်ကူစွာဖြေရှင်းမယ်

ခုနောက်ပိုင်း Huawei Y320C မှာ 1x လိုင်းမတက်တဲ့ပြဿနာတွေခနခနဖြစ်တာကိုတွေ့ရပါတယ်.......
အရင်တုန်းကကျတော့ 73 ကဒ်ထည့်ပြီး ရှင်းလိုက်ရင်ရပါတယ်.....
ခုဟာက 73 မရှိတဲ့သူတွေ 73 လိုင်းမမိတဲ့သူတွေအတွက်
ဒီပြဿနာကိုလွယ်ကူစွာဖြေရှင်းလို့ရပါပြီ.....
ပထမဦးဆုံး  mec card ကိုဖုန်းထဲထည့်ပါ........
911 ကိုဖုန်းခေါ်ပါ..........
ခေါ်ပြီးရင်ဖုန်းကိုမချဘဲ Home ခလုပ်ကိုနှိပ်ပြီး
setting ကိုသွားပါ........
ပြီးရင် more ကိုဝင်ပါ........
mobile network ကိုရှာပါတွေ့ရင်ဝင်ပါ......
CDMA Network select ထဲဝင်ပါ......
ဝင်ပြီးရင်အရင်ကမှိန်နေတာတွေလင်းနေတာကိုတွေ့ရပါမယ်......
empty filter network list ကိုနှိပ်လိုက်ပါ.........
တချို့ကတော့ဒီအဆင့်မှာတင်ရပါပြီမရသေးရင်တော့
warning စာတန်းတွေထွက်လာတာကိုစောင့်လိုက်ပါ.......
ပြီးရင်ရသွားပါပြီ.........ဖုန်းခေါ်ကြည့်လိုက်ပါအဆင်ပြေသွားတာကိုတွေ့ရပါလိမ့်မယ်
မရသေးဘူးဆိုရင်ဖုန်းကိုပါဝါပိတ်ပြီးနောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါ.......
ရသွားပါလိမ့်မယ်..........အားလုံးအဆင်ပြေချောမွေ့ပါစေ.........
ဒီနည်းလမ်းလေးကိုစမ်းသပ်ပေးတဲ့ Ko Bo Bo San ကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်.............

Android Application ဆော့ဝဲရေးချင်သူအတွက် Apk ရေးနည်းစာအုပ်